ဓါတ်ဟူသည် မိမိတို့ဆိုင်ရာဆိုင်ရာ
သဘောကိုဆောင်တတ်သော်ကြောင့် ဓါတ်ဟုခေါ်သည်။ ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော ဟူ၍ ဓါတ်ကြီးလေးပါးရှိသည်။
မြန်မာလို မြေဓါတ်၊ ရေဓါတ်၊ မီးဓါတ်၊ လေဓါတ် ဖြစ်သည်။ ဓါတ်ကြီးလေးပါးကို ပါဠိဝေါဟာရ
အခေါ်တွင် မဟာဘူတ ဟုဖြစ်သည်။ ကြီးမားထင်ရှားစွာဖြစ်တတ်သည် ဟု အဓိပ္ပါယ်ရသည်။ ကမ္ဘာလောကကြီး
ဖြစ်တည်နေမှုသည် ဓါတ်ကြီးလေးပါး၏ အစွမ်းသတ္တိကြောင့်ဖြစ်သည်။
ဓါတ်ကြီးလေးပါးတွင်_
မြေဓါတ်သည် ပညတ်
ပရမတ်အားဖြင့် နှစ်ပါးရှိသည်။ မရမာဏုမြူမှစပြီး မြင့်မိုရ်တောင် စသည့်တိုင်အောင် အစိုင်အခဲရှိနေသော
ဝတ္ထုမျိုးဖြစ်သည်။ ခက်မာခြင်း နှင့် နူးညံ့ပျော့ပြောင်းခြင်း အမူအရာသက်သက်တို့သည် ပရမတ်ဖြစ်သော
မြေဓါတ်ဖြစ်သည်။
ရေဓါတ်တွင်လည်း ပညတ် ပရမတ် နှစ်ပါးရှိသည်။
ရေဟူ၍ ခေါ်အပ်သော ရေတွင်းရေကန်တို့တွင်ရှိသော အရည်(ဒြ၀) ၀တ္ထုသည် ရေဓါတ်ဖြစ်သည်။ အတူတကွဖြစ်သော
ရုပ်တို့ကို တဖျင့်တပါးမလွင့်ပါးရအောင် ဖွဲ့စည်းခြင်း၊ ယိုစီးခြင်း သဘောတို့သည် ပရမတ်ဖြစ်သော
ရေဓါတ်ဖြစ်သည်။
မီးဓါတ်သည်လည်း ပညတ် ပရမတ် နှစ်မျိုးရှိသည်။
မီးဟု ခေါ်အပ်သော မီးတောက် မီးလျှံ မီးခဲ သည် ပညတ်ဖြစ်သော မီးဓါတ်ပင်ဖြစ်သည်။ ပူခြင်း
အေးခြင်း သဘောတို့တွင် ပရမတ်ဖြစ်သော မီးဓါတ်ဖြစ်သည်။
လေဓါတ်တွင်လည်း ပညတ်ပရမတ် နှစ်မျိုးပင်ဖြစ်သည်။
လေဟု မည်သော လေပြေ၊ လေညှင်း၊ လေမုန်တိုင်း တိုသည် ပညတ်ဖြစ်သော လေဓါတ်ဖြစ်သည်။ အတူတကွဖြစ်အောင်
ရုပ်တို့ အပျိုမကျအောင် ထောက်ကန်ခြင်းလက္ခဏာခြင်း၊ ဖောင်းကြွခြင်း၊ လှုပ်ရှား၊ တွန်းဝှေ့၊
လွင့်ပါးခြင်း စသည့် လက္ခဏာ ရှိသည်တို့သည် ပရမတ်မည်သော လေဓါတ်ဖြစ်သည်။
ဓါတ်ကြီးလေးပါးတို့သည် အစဉ်အတိုင်း ခက်မာခြင်း၊
ယိုစီးခြင်း၊ ပူနွေးခြင်း၊ ထောက်ပံ့ခြင်း လက္ခဏာရှိသည်။ တည်ရာဖြစ်ခြင်း၊ ပွားစေခြင်း၊
ရင့်ကျက်စေခြင်း၊ ရွေ့စေခြင်းကိစ္စ တို့လည်းရှိသည်။ ခံထားခြင်း၊ ပေါင်းစုခြင်း၊ နူးညံ့သည်ကိုပေးခြင်း၊
ရှေးရှူဆောင်ခြင်း အခြင်းအရာလည်းရှိသည်။ ဓါတ်ကြီးတစ်ပါးကိုယူရာတွင် ကျန်သုံးပါနှင့်
နီးကပ်သော အကြောင်းရှိကုန်သည်။
မှတ်ချက်။ ။ ဖတ်မိသမျှနှင့်ရေးထားခြင်းဖြစ်ပါသည်။ လိုအပ်ချက်အများအပြားရှိနေသည်။
လူသစ်
No comments:
Post a Comment
မှတ်ချက်လေးတွေရေးမယ်နော်