လိပ်ပြာ မလှတဲ့ အဆုံးသတ်
- ခက်ပေါပေါ ဈေးကွက် ထဲမှာ ...
ဈေးကစားရင်
ငါကိုယ်တိုင် ဈေးကျသွားတယ် ...
- ခက်ကြောင်ကြောင်
လူမှုရေးတစ်ခုအတွက် ...
အပြုံးတုတွေ ခဏခဏ
ထွက်ကျလာတယ် ...
- ခက်ပေါ့ပေါ့ ပညာရေး ကြောင့်
ငါ့ ဥနှောက်
သေးသိမ်သွားတယ် ...
- ရှေးရိုးစွဲ လူတွေကြောင့် ...
ငါ့ အတွေးတွေ
အရောင်ဖျော့ခဲ့ရတယ် ...
- ဒီလိုနဲ့ ငါ ရိုးရှင်းစွာနဲ့ ...
လိပ်ပြာ ခွဲတမ်း
ဝေခဲ့ ရတယ် ...
- လူသစ်
No comments:
Post a Comment
မှတ်ချက်လေးတွေရေးမယ်နော်