ကျနော်နဲ့ အတွင်းအား
သကောင့်သား အမောင်လူသစ်တို့ ဖခင်ကြီးက ရာထူးတိုးဆိုလား ရပြီး ရန်ကုန်မြို့ကြီးကို သွားလေသတဲ့ ဒါကြောင့် ရန်ကုန်ကို မလိုက်ချင်သေးသော မာတာမိခင်က သူမတို့ အဖေနဲ့အမေ (ကျနော် ဘိုးဘွား)တို့ ရှိရာ ဖုန်းဆိုးကျေးရွားကို ဒေါဂျစ်ကားကြီး ခန့်ခန့်ကြီးနဲ့ ပြောင်းလာခဲ့ကြသည်။ အမောင်လူသစ်လည်း တစ်တန်းကျော် နှစ်တန်းတက်အရွယ်ပေါ့။ ရွာကအလွန်သာယာသည် ဘိုးနဲ့ဘွားရဲ့ သြဇာကလည်း မသေး စိန်ဝကြီးဆို အကုန်ငြိမ်းတယ်။ နှစ်တန်းအရွယ်မရောက်ခင် လေးနှစ်သားလောက်ထဲက လူပါးဝသော အမောင်လူသစ်ကလည်း နောင်တွင် ရွာဇော်တစ်ယောက် ဖြစ်လာမည်မှာလည်း မုချပင်ဖြစ်မည်။ ထားပါ အကြွားလေးတွေ လျှော့ပြီး ပျက်လုံး လေးတွေ ချရေးရအောင်။
ရွာကိုရောက်တော့ လူသစ်မှာပေါင်းစရာ လူကတော့ တော်တော်များတယ်။ နို့ပေမယ့် တကယ်လက်ရင်း တပည့်မွေးလိုက်တာက ညီနှစ်ဝမ်းကွဲ နှစ်ယောက်(အကြီးကောင် မုန်းမာန်နဲ့ အငယ်ကောင် ၀သုန်)ပေါ့ဗျာ။ အသက်အရွယ်အရ လပိုင်းသာကွာပေမယ့် ဒင်းတို့ထက် ကျနော်က အတန်းကြီးတယ်ဗျ။ ကိုကြီးလို့တော့ မခေါ်ပါဘူး ဟေ့ကောင်ကိုကြီးလို့တော့ခေါ်ကြတယ်။ ထားပါ ဒါတွေက အရေးမကြီးဘူး။
ကျနော်တို့ရွာမှာက မူလတန်းကျောင်းလေးတစ်ကျောင်းရှိတယ်ဗျ။ ကျနော်လည်း အဲ့မှာပဲ ကျောင်းတတ်ရတာပေါ့။ ကျောင်းဘေးတွင် ဘုန်းကြီးကျောင်း အဲ့ဘုန်းကြီးကျောင်းဘေးမှာတော့ ရွာသင်္ချိုင်း ရှိတယ်။ ရွာပါးလေး/ကျောင်းပါးလေး ၀လာတော့ ကျောင်းလွတ်ချိန်ကို ကျောင်းနောက်ကစားကွင်း ကျဉ်းလို့ဆိုပြီး ဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်းကြားမှာ မြွေမကြောက် ကင်းမကြောက် သွားသွားကစားဖြစ်လေတယ်။ သကောင့်သားအဖွဲ့ကလည်း လူစုံတယ် လူသစ်၊ မုန်းမာန်၊ ၀သုန်၊ နေလင်း၊ ဖိုးတေ၊ သူ့ကို၊ အားဗျာ လူတော်တော်များတယ်ဗျ။
တနေ့ ဘာပင်မှန်းမသိအသီးလှလှလေးတွေ သီးနေတာ တွေ့ကြပါလေရော။
အဲ့ ထို အသီးတွေကိုကြည့်ရင်း မနေနိုင်မထိုင်နိုင် ပါးစပ်ဖွာလာသူက အမောင်နေလင်း သူက ဘာပြောလည်းဆိုတော့
“ဒီအသီးတွေစားရင် အတွင်းအားတိုးတယ်”ဆိုပဲ။ သူကိုယ်တိုင်က အသီးတွေကို စားပြီး ဂျွန်းတွေထိုးပြတယ်။
ထိုအချိန်က ကော့ကျင့် (နဂါးနိုင်ဓါး) ဇတ်ကားလာနေဘီထင်တယ်ဗျ သေချာတော့ မမှတ်မိဘူး။ သိုင်းကားတွေထဲက နှစ်တစ်ထောင်အားဆေး ဆိုတာတွေက ကျနော်တို့ ကလေးတွေကြားမှာ ခေတ်စားနေချိန်ဆိုတော့ကား နေလင်း လျှောက်တင်ချက်ကို လုပ်ဆောင်ချက်တွေကို ရွှေညဏ်ရှင် အမောင်လူုသစ်တို့တစ်စုကလည်း ထောက်ခံပြီး ဖြစ်နိုင်တယ်ပေါ့လေ။ အတွင်းအားတိုးရင် ကျောင်းလွတ်ချိန် ဖိုက်တင်ချတိုင်းကစားရင် ကိုယ်နိုင်မယ်တင်တာပေါ့။
ဒါနဲ့ ကျနော်တို့ ညီအစ်ကိုသုံးယောက်နဲ့ သူငယ်ချင်းတွေ ဒီအသီးကိုစမ်းစားတာပေါ့။ သိပ်မကြာပါဘူး အကုန်လုံးမူးလို့ ကျောင်းကနေအိမ်ကို အခြားသူငယ်ချင်းတွေ တွဲပို့ရပါလေရော။ အဲ့ အသီးက အဆိတ်ဖြေသီးလား အဆိပ်သီင်္းလားတော့ မသိဘူး။ အန်လိုက်တာလည်း အစာကုန်လူပန်းတဲ့ အဖြစ်ရောက်ရော။ ကျနော်က တစ်ကိုက်ပဲ ကိုက်စားတာဆိုတော့ တော်သေးတယ် ဒိုင်ဂျင်း (ဆေးနဲ့အနာတည့်မတည့်တော့မသိ) သောက်လိုက်ရတယ်။ အကြီးကောင်မုန်းမာန်နဲ့ အငယ်ကောင် ၀သုန်တို့ကတော့ ကန်စွန်းရွက်အရည်ညှစ်သောက်လိုက်ရတယ် ဒိုင်ဂျင်းတွေလည်း သောက်နဲ့ တော်တော်ခံလိုက်ရတယ်။ ကျန်တဲ့ ကောင်တွေလည်း တော်တော် ခံရတယ် ဆိုတာ နောက်မှ သိတယ်။
သြော် အတွင်းအား မတိုးတဲ့ အပြင် သုံးရက်လောက် အိမ်မှာနားလိုက်ရတယ်။ စိတ်ကြီးတဲ့ မုန်းမာန်က အမောင်နေလင်းအား သွားထိုးလို့ ညီအစ်ကိုတွေ စည်းလုံးမှုပြတဲ့ အနေနဲ့ ကျနော်လည်း ၀င်ထိုးခဲ့ရပါသေးတယ်။
လူသစ်

??