Monday, November 26, 2012

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ ...

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ ...


ဝေး _ ကောင်းကင်ဟာ နှစ်ခု

ကံကြမ္မာ _ ဒါဏ်ရာလှအောင် ဓါးထက်ထက်နဲ့ ခွဲ



ဘယ်လို မလှပခြင်းမျိုးလဲ

ခံစားမှု အဆုံးမသတ်တဲ့ အလွမ်း


ကံဆိုးသူ (၁ ၊ ၂ ၊ ၃ ၊ ...)


လက်ပစ်ကူးခဲ့တဲ့ ပင်လယ်တစ်ခုရှိတယ်

ရုန်းထွက်ခဲ့ကြတဲ့ နွံတစ်အိုင်ကို လွမ်းတယ်

နစ်မြုပ်ပါရစေ ... ကောင်းကင် တစ်ခုထည်းအောက်



ဝေဒနာဟာ ဆို့နင် ကြေကွဲ

ညတွေတိုင်း နံပါတ်စဉ် ရွတ်ဆိုသံ

ဒီ ... အခန်းထဲ တိုးတိုး ... တိုးတိုး...



ကော်ဖီဟာ အလွမ်းရဲ့ သစ္စာရှင်

ဂစ်တာဟာ အလွမ်းရဲ့ သစ္စာရှင်

ကဗျာဟာ အလွမ်းရဲ့ သစ္စာရှင်



ခံစားမှုဟာ နေနဲ့ညကို အပိုင်ဝယ်ရင်း

မိုးလင်းမိုးချုပ် တိုအရာနဲ့ အလုပ်ရှုပ်နေတယ်

သစ္စာဟာ တစ်ဖက်သက်ဆန်တယ်



ရာသီ ၊ နာရီ ၊

အချိန်ဟာ ကြေကွဲမှုမှာ စတေးခံရင်း

နာကျင်မှုကို မက်မက်မောမော စားသုံးနေတယ်။



လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်

လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်

လမ်းခွဲဟာ ၊ ...



ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ ...။..။



လူသစ်

No comments:

Post a Comment

မှတ်ချက်လေးတွေရေးမယ်နော်