Saturday, December 29, 2012

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ


(က--)
အိမ်မက်ကနေ ငါ နှိုးစက်နဲ့အတူ အပြိုင်နိုးတခဲ့ ... နီးလာပြီနော် အမိုက်မှောင်ကြဖူးတဲ့နေ့

2012 ရွက်စုတ်ပြက္ခဒိန်တွေ ပါးလွှားနေပြီ ... အချိန်...အချိန်...ရဲ့ ... သစ္စာ
အလွမ်းသော့ခတ်ထားတဲ့ စက္ကူဘူးလေး အဖွင့်မှာ

  1. သူမ အပြုံးတွေနဲ့ ဓါတ်ပုံ ...
  2. သီချင်း Note စာရွက် တစ်ရွက် ...
  3. ကဗျာ စာရွက် တစ်ချက်
  4. ရှုပ်ရှင်လက်မှတ် (၃)ဒါစင်
  5. လက်မှတ်မပါတဲ့ စာချုပ် တစ်ခု
  6. ဒိုင်ယာရီ စာအုပ် တစ်အုပ်

ငါ နိုင်ခဲ့တယ် ... ပန်းရေ ...

ငါ တန်ဖိုးထားခဲ့တယ် ... ပန်းရေ ...

ငါ ... ငါ ... ငါ ...ချစ်နေတုန်းပဲ ... ပန်းရေ ...

1 1 . 1 . 2 0 0 7

1 8 . 2 . 2 0 0 7

4 . 3 . 2 0 0 7

အမှတ်တရနေ့တွေကို ...နှစ်သစ်ရဲ့ ပြက္ခဒိန်မှာ မင်နီဝိုင်းတတ်တဲ့ အကျင့်ဆိုးလေး ပိုင်ဆိုင်ထားတယ်

___
(ခ--)
အလှပဟာ ခန်းနားစွာနဲ့ နံနက်ခင်းကို တန်ဆာဆင်ထားတယ်

နှင်းစက်အချို့ ဖြာလို့ဆင်းလာချိန်ခဏ ဒါဏ်ရာဟာ ဝေဒနာကို တသသ စတင်နိုးထတယ်

ဒီဇင်ဘာရဲ့ အလွမ်းပွင့်တွေဟာ ရာသီဥတုနဲ့ အတူ ရက်ရက်စက်စက် ပွင့်ဖူးလာပြီ

ဟိုးအဝေးကို ပြေးထွက်သွားတဲ့ ခြေသံတွေကိုကြားနေတုန်းပဲ

မျှော်လင့်နေသူရဲ့ ကမ်းနဖူးမှာ လှိုင်းရိုက်သံကြားတယ်

ငါဟာ နာဖျားဖို့အတွက် အအေးဓါတ်တစ်ချို့လိုအပ်တယ်

နွမ်းနယ်နေပြီးသားပါ ကံကြမ္မာရယ် ရက်စက်တဲ့သူက အဝေးတစ်နေရာမှာပါ

သိပြီးတဲ့အရာတွေကို မေ့ဖြောက်တတ်ခဲ့ရင် ငါဟာ အဖြူတည်

မက်မောခဲ့တဲ့အရာတွေကို မေ့ဖြောက်တတ်ခဲ့ရင် ငါဟာ အဖြူတည်

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။

___
(ဂ--)
1 8 . 2 . 2 0 0 9  အဝေးထွက်သူရဲ့ ခြေသံတွေကို ကြားတယ်

နှစ်တိုင်း ဒီနေ့စွဲမှာ တစ်ယောက်ထည်း ဘုရားတတ်တဲ့ အကျင့်ကို ဖြောက်ဦးမှ...

    နှုတ်ဆက် အနမ်းတွေကို ... လွမ်းတယ်

    ခြည်နှောင်ခဲ့တဲ့ မေတ္တာတရားကို ... လွမ်းတယ်

    လက်ထွဲထားတဲ့ နေ့ရက်တွေကို ... လွမ်းတယ်

ဒါဏ်ရာဟာ ရာသီနဲ့ အတူ ပေါ်လာတယ် ...

ပြယုဒ်က ပိုးကိုက်ခံထားရတဲ့ ပန်းသီးတစ်လုံးပါ ...

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။

___
(ဃ--)
ဟိုးမှာကြည့်စမ်း ကဗျာတစ်ပုဒ် မျက်ရည်စက်တွေနဲ့အတူ ကြီးကျယ်မြင့်မြတ်မှု

တင်းတင်းကိုက်ထားတဲ့ နှုတ်ခမ်းတွေက သွေးစက်နဲ့အတူ မာန၊ အတ္တ ၊ သစ္စာ

ဝေးလိုက်စမ်းပါ ကမ္ဘာတွေခြားသွားသည်အထိ ရက်ရက်စက်စက် သတိရမယ် ၊ ရက်ရက်စက်စက် လွမ်းမယ်

အချစ်ဟာ တစ်ဖက်သတ် ခန်းနား ၊ မေတ္တာတရားဟာ တစ်ဖက်သတ် ကြီးကျယ်မြင့်မြတ်လို့

ရာသီတိုင်းရဲ့ အိမ်မက်တွေမှာ အဝေးထွက်သွားတဲ့ ခြေသံတွေ လွှမ်းခြုံလို့

ငါဟာ ... တန်ဖိုးကြီး ဒေါက်ဖိနပ်တစ်ရံ ဖြတ်လျှောက်ခံလိုက်ရတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသူ

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။





လူသစ်

Monday, November 26, 2012

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ ...

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ ...


ဝေး _ ကောင်းကင်ဟာ နှစ်ခု

ကံကြမ္မာ _ ဒါဏ်ရာလှအောင် ဓါးထက်ထက်နဲ့ ခွဲ



ဘယ်လို မလှပခြင်းမျိုးလဲ

ခံစားမှု အဆုံးမသတ်တဲ့ အလွမ်း


ကံဆိုးသူ (၁ ၊ ၂ ၊ ၃ ၊ ...)


လက်ပစ်ကူးခဲ့တဲ့ ပင်လယ်တစ်ခုရှိတယ်

ရုန်းထွက်ခဲ့ကြတဲ့ နွံတစ်အိုင်ကို လွမ်းတယ်

နစ်မြုပ်ပါရစေ ... ကောင်းကင် တစ်ခုထည်းအောက်



ဝေဒနာဟာ ဆို့နင် ကြေကွဲ

ညတွေတိုင်း နံပါတ်စဉ် ရွတ်ဆိုသံ

ဒီ ... အခန်းထဲ တိုးတိုး ... တိုးတိုး...



ကော်ဖီဟာ အလွမ်းရဲ့ သစ္စာရှင်

ဂစ်တာဟာ အလွမ်းရဲ့ သစ္စာရှင်

ကဗျာဟာ အလွမ်းရဲ့ သစ္စာရှင်



ခံစားမှုဟာ နေနဲ့ညကို အပိုင်ဝယ်ရင်း

မိုးလင်းမိုးချုပ် တိုအရာနဲ့ အလုပ်ရှုပ်နေတယ်

သစ္စာဟာ တစ်ဖက်သက်ဆန်တယ်



ရာသီ ၊ နာရီ ၊

အချိန်ဟာ ကြေကွဲမှုမှာ စတေးခံရင်း

နာကျင်မှုကို မက်မက်မောမော စားသုံးနေတယ်။



လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်

လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်

လမ်းခွဲဟာ ၊ ...



ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ ...။..။



လူသစ်

ပေတံချိုးတဲ့ လက်...//

ပေတံချိုးတဲ့ လက်...// 


အနက်ရောင် တောက်ပဖို့ အဖြူက ပံပိုး
 

အဖြူရောင် တောက်ပဖို့ အနက်က ကူညီ
 

မတူညီဘူးလို့ သူတကာသတ်မှတ်လည်း
 

ကျနော် ထိုနှစ်ရောင်ကို နှစ်သက်


ဒါကို ဒွိစိတ်တဲ့လား ... ?
 

အဖြူအနက် တစ်သတ်မတ်ထဲ မှတ်တယ်
 

မကျေမနပ်နဲ့ ခင်ဗျား မျက်မှောင်ကျုံ့မှုကို

မျက်လုံး စုံမှိတ် ... နှုတ်ဆိတ်နေပါ့မယ်


ဘယ်သူ ၊ ဘယ်ဝါ ၊ ဘယ်လို ၊ ဘယ်ပုံ ၊ ဘယ်အဆင့် ၊ ဘယ်အခြေနေ ...
 
လူ ဟာ လူပါပဲ ...

လူသစ်

ချစ်စိတ်_၂)

ချစ်စိတ်_၂)



သချာမှု တစ်ခုကို ဆုပ်ကိုင်ခွင့်ရလိုက်ပြီ

နင့်ကို ချစ်တယ် ...



နင် မရှိတဲ့ ည လမင်းသာလည်း

ငါ့ ကမ္ဘာ မသာယာဘူး...



စောင့်မျှော်ရင်း မတမ်းတဘဲ ရောက်လာတော့မယ့် ရောင်နီ

နင် မသိတဲ့ ငါ့ မျှော်လင့်ချက်တွေ အနီရောင့်ဖျော့ဖျော့ သန်းလို့ပေါ့...



ငါ ဆိုတာ နင့်ပတ်ဝန်းကျင်မှာရှိတဲ့ လေတုကိုတောင် မနာလိုတဲ့သူပါ

အတ္တာဆန်းထားတဲ့ ငါ့ အချစ်က မလှပဘူးထင်ပါရဲ့



"လပြည့်ည ဆုတောင်း တစ်ခု ပေးပို့လိုက်မိတယ်

သုည ကမ္ဘာရဲ့ အမှတ်တရပေါ့..."



ကမ်းနဲ့ ဝေးဝေး မှာ လှော်တတ်မဲ့ လှေငယ်ပေါ်က လူသား

မာယာ မရှိဘူးဆိုတဲ့ ပင်လယ်ရဲ့ သားကောင် ဖြစ်မှန်းမသိဖြစ်ခဲ့ပြီ




ရူးကြည့်ရင်း ဆက်ရူးနေတဲ့ ငါ့ဆိုတဲ့ သတ္တ၀ါကောင်

မျက်ဝန်းနက်တွေကြား ကျဆုံးပြီးရင်း ကျရှုံးခဲ့တယ်



သာယာပါစေချစ်သူ ... နင့်ရွေးချယ်မှုက ငါအတွက် ကြမ္မာဆိုးပေါ့

မက်မက်မောမော ဥပက္ခာကို နမ်းရှိုက်ပါ့မယ် .. စေလိုရာစေပါတော့



တိတ်တခိုးရဲ့ နှောင်ကြိုး ... တင်းတင်းရစ်ပတ်ထားတယ်

ငါဆိုတာ ... အဝေးကနေ ... ခိုးခိုးနမ်းနေတဲ့ ... ဒုတိယလူ



ချစ်သူပျော်ပါစေ ... နာနာကျင်ကျင်နဲ့ ဆုတောင်းတဲ့သူ

ချစ်သူပျော်ပါစေ ... နာနာကျင်ကျင်နဲ့ နားလည်ပေးသူ



ငါဆိုတာ ... နင်လင်းလက်တဲ့ ကောင်းကင်အောက်က ... လရိပ်ခိုသူ ...



လူသစ်

ချစ်စိတ်_၁)

ချစ်စိတ်_၁)



တံခါးလေး တစ်ချပ်ပေါ့

ခပ်ဖွဖွလေး ခေါက်ကြည့်မိတယ်



တန်ဖိုးထားခြင်း ရင်ခုန်ခြင်း

ချစ်ခြင်း ...တိတ်တခိုးရဲ့ ရည်ရွယ်ရာ



မ၀ံ့မရဲနဲ့ သူမအပြုံးတွေထက်

ထွဲလို့ခိုမိတယ် ... ဝေဒနာရယ် ... ရက်ရောလွန်းလှတယ်




ည... ဘယ်ဆီမှာလည်း ... ငါ ခိုနားရာ

အနာဖေးတွေကနေ တစ်စက်စက်ယိုစီးနေတဲ့ ချစ်သွေး

အားအင်ဆုတ်လျော့စွာ တမ်းတမိတဲ့ မျက်ဝန်းနက်တစ်စုံက

အဝေးကို ငေးရင်း နာကျင်နေရဲ့



ထက်ကောင်းကင်ထက် အားကိုးတကြီး ငေးလို့ကြည့်တော့

တိမ်တိုက်ဝှက်ထားတဲ့ လမင်းငယ် ...

ငါ့ကမ္ဘာက အမှောင်ရဲ့ ညည်းထွားမှုနဲ့ ပြီပြည့်စုံတယ်



ချစ်တယ်

တိုးတိုးလေး အမြတ်တနိုး ပြောဖို့ြ ကိုးစားရင်း

နံနက်ခင်း အလင်းရောင်ရဲ့

လှောင် ရယ် သံ ကြား တယ်



လူသစ်

"ည" များ

"ည" များ



ည_၁)

လေညှင်းတွေကြား

တေးသွားလေးတွေ

ဖော်ကျူးယင်း

အမှောင်ထုခွင်း

နတ်သမီး တစ်ဆင်း

လမင်း အလှသွေးယှက်

ချိုမြသံစဉ် ၀န်းကျင်ခွင်းလို့

သာယာသံ ကျူးရင့်

ပျော်ရွင်ခြင်း အတိ။



ည_၂)

မီးအိမ်ထွန်းညှိ

စာရေးစပွဲပေါ်

စာအုပ်လေးထက်

ကလှောင်မှင်စက်

နှလုံးသား ယှက်လို့

စိတ်ကူး ရွက်ဖွင့်

လောက ကြိုးသီ

ကမ္ဘာ တံခါးဖွင့်

ကဗျာတွေ ဖွဲ့ယင်း

ပျော်ရွင်ခြင်း အထိ။



ည_၃)

လဲလျောင်းရာ

အိပ်ယာလေးထက်

နဖူးထက် လက်တင်

မြင်ကွင်း အတု

စိတ်ကူးယဉ်မှု

သူမ မျက်နှာ ချိုမြမြ

အပြုံးယှက်လို့ အလှဝင့်

ပျော်ရွင်ခြင်း အတိ။



ည_၄)

သာယာပျော်မြူး

ဥယျာဉ် တစ်ခု

တိုနှစ်ဦး တစ်ကမ္ဘာ

ခွန်းချို ချစ်ခြင်း

မေတ္တာ ယှက်လို့

အနမ်းနုနု ခြွေ

နှလုံးသား ဖလှယ်

နားလည်မှုသွယ်လို့

အိမ်မက် ကမ္ဘာလည်း

ပျော်ရွင်ခြင်း အတိ။

                                     လူသစ်

Sunday, September 2, 2012

မာန်ကျိုး

"မာန်ကျိုး"
အလွမ်းဆိုတဲ့ ငနဲကို
လူတွေက ပုံစံမျိုးစုံနဲ့ ဆွဲဆန့်ထားကြတယ်
ငါ...တစ်ယောက် အပါအ၀င်ပေါ့။..။

မရှိတဲ့ မာန ... အရှိလုပ်
လူတွေ သူတွေ ကြားထဲ
အပြုံးတွေ ဟန်လုပ်ယင်း
မျက်ရည်ခြောက်တွေနဲ့ မိုးလင်းတဲ့ည။..။


တိုက်ဆိုင်မှသာ သတိရခြင်းပါ
အမှန်တရားကို ခြေစုံကန်ပြီ
တစ်ခါတစ်လေ လေကြီးလေကျယ်ပြောတော့
လွမ်းလောက်လို့လား။..။


ဒါပေမယ် ...
တစ်ခြမ်းပျောက်နေတဲ့ 
ငါ ...
နေရတာ ဟာတာတာနဲ့ပါ....။..။


လမ်းကြုံ ရင်
ငါ့ ကဗျာတွေ ၀င်ဖတ်သွားပါဦး ...
အလွမ်း ရနံ့ဝေ နေတဲ့
ရသ တစ်ခု နင်ခံစားစေဖို့

                                             လူသစ်

Thursday, August 23, 2012

ကလောင်တံ၊ စက္ကူ ၊ ကဗျာရေးသူ တို့ ... လမ်းခွဲ


ကလောင်တံ၊ စက္ကူ ၊ ကဗျာရေးသူ တို့ ... လမ်းခွဲ

ကဗျာရေးသူ လက်ချောင်းတွေ အသားမာတတ်နေရဲ့...
ကလောင်တံက သနားစွာမော့ကြည့်ယင်း
သူ့သွေးစက်တွေတော့ ပေးဆပ်နေရတုန်းပဲ...။..။

ချမရေးဖြစ်ခဲ့တာတွေအတွက် အားနာပါရဲ့...။..။

အချို့ကဗျာတွေက ကလောင်ရဲ့သွေးစက်နဲ့ မတန်ဘူး...။..။
အချို့ကဗျာတွေက ကလောင်ရဲ့သွေးစက်ထက် တန်ဖိုးကြီးတယ်...။..။
အချို့ကဗျာတွေက ............................. ။...။

ကဗျာရေးသူက အတ္တတွေကို အဖြူရောင် စက္ကူထက် စွန်းထင်းစေတယ်...။..။
ကဗျာရေးသူက မာနတွေကို အဖြူရောင် စက္ကူထက် ညစ်နွမ်းစေတယ်...။..။
ကဗျာရေးသူက................................. ။...။

စက္ကူလေးက အားငယ်တဲ့ မျက်ဝန်းလေးနဲ့
စွန့်ပစ်လေမလား ၊ တန်ဖိုးထားလေမလား စိုးရိမ်နေရဲ့

ကဗျာက ပြောတယ်...
ကဗျာ ကို အမှန်ခြစ် ၊ အမှားခြစ် ကျေးဇူးပြုပြီး မခြစ်ပါနဲ့
ကဗျာ က ဘာသာမဲ့ ၊ ၀ါဒမဲ့ ၊ မဲ့မဲ့...မဲ့...မဲ့ ပါ...။..။

ကဗျာ က ကဗျာရေးသူကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့ ...။..။

ကဗျာရေးသူရဲ့ ကဗျာတစ်ပုဒ်မှာ မျက်ရည်စိုခဲ့ပြီ...။..။

ကလောင်တံက ကဗျာဆရာကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့...။..။

ကဗျာရေးသူရဲ့ ကဗျာတစ်ပုဒ်မှာ မျက်ရည်စိုခဲ့ပြီ...။..။

ကဗျာစာရွက်လေးက ကဗျာရေးသူကိုပြောတယ်
ခင်ဗျားကို အရမ်းမုန်းတယ်တဲ့...။..။

ကဗျာရေးသူ........................................။..။

ကမ္ဘာကြီးက ကဗျာရေးသူကို တိုးတိုးလေးပြောတယ်...။..။
ခင်ဗျားကို ကျနော် တန်ဖိုးထားပါတယ်တဲ့...။..။

ကဗျာရေးသူ ... နာကျင်စွာ ... ကမ္ဘာကို ကျောခိုင်းပစ်လိုက်သည်။..။

                                                                                              လူသစ်

အိပ်နေတဲ့ ည နဲ့ ... ကျနော်

"အိပ်နေတဲ့ ည နဲ့ ... ကျနော်"

လမင်းကိုကမ်းတဲ့ ငါ့ လက်တွေ
အေးစက်နေရဲ့ ...
"ည"က မူးရူးလို့ကောင်းတုန်း
လမင်းကို အပျိုရေဖျက်မှု
ကြယ်တွေကို တရားဆွဲပလိုက်တယ်

တိမ်တွေနဲ့ကွယ်လိုက် ...
တစ်ချက်တစ်ချက် တွက်လို့ပြုံးပြလိုက်နဲ့
လမင်းက ကစားနေတယ်...

အသွေးအသားနဲ့ ထုဆစ်လိုက်တဲ့ ...
နှလုံးသားဟစ်သံ ... နားထောင်ကြည့်စမ်း...
နာကျင်မှုရဲ့ ပြကွက် တစ်ခုမှာ အသံကုန်ဟစ်ရင်
ပတ်ဝန်းကျင်နဲ့ ယှဉ်လို့ ရပ်ပလိုက်တယ်...ကီးကြောင်

နတ်သမီးက နားညည်းလို့ နှုတ်ခမ်းဆူတယ်
အချစ်အပူကို နားမလည်သူ ငါလဲထူးပြီး မရှင်းဘူး။...။

ကြယ်ကြွေကောက်သူ
ဒါဏ်ရာနဲ့သူ
အရှုံးတွေနဲ့သူ
...............သူ...သူ
သူမငြင်းဆန်မှုနဲ့ အတူ
ငါ့ကိုယ်ငါ နာမည်အသစ်တွေ တပ်ပလိုက်တယ်

ည နက် လာ ပြီ
တစ္ဆေမတစ်ကောင် ငါ့ကို ဘုကြည့်ကြည့်တယ်
ငါပြန်ကြည့်တော့ နှုတ်ခမ်းတစ်ချက်ဆူထားတယ်
အဟဲ ... တော်တော်လှတဲ့ တစ္တေမ ...
ဘယ်နေရာကြည့်ကြည့် ထိုငတိမ ရှိနေသည်..။..။

ဟိုး ထက်ကောင်းကင်က ကြယ်တစ်စင်း
မြေပေါ်ကို ရောက်နိုးနဲ့ ခုန်ဆင်းလာတယ်
အရိုးဆွဲနေတဲ့ အကျင့်တစ်ခုနဲ့
ငါဆုတောင်းမှုပြုခဲ့မိတယ်
 

အရက်နံ့စွဲကျန်နေတဲ့ ခွက်တစ်နဲ့အတူ
ဂစ်တာ၊ ပတ်တရွမ်၊
ဘောပင်၊ စာအုပ်
အဆုံးမသတ်ရသေးတဲ့ သီချင်းတစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ်
ငါ့ဘေးနားက ရသတွေခါးလှဂျီလား

အချစ်တစ်ခုလောက် ချေးငှားလို့ရရင် ကောင်းမယ်
သူမငြင်းဆန်မှုကို တွေးရင်းနဲ့ ကြောက်လာတယ်
နောက်မဆုတ်ဘူး မာန်တင်းရင်း
တိမ်တွေပေါ်မှာ အရုပ်ရေးပလိုက်တယ် ..။.။

   အလင်းရောင်က ငါ..ပျောက်လို့ လိုက်ရှာတယ်...။..။
   ညက တစ်ညလုံးတော့ နက်နေလေရဲ ....။...။


                                                                              လူသစ်

Wednesday, August 22, 2012

နောက်ဆုံး"လမ်း"

နောက်ဆုံး"လမ်း"


ဘ-၀ ကို တိတိကျကျ Layout ချကြည့်တယ်
ဘ-၀ ကို လှလှပပ Color ထည့်ကြည့်တယ်
ဘ-၀ ကို သပ်သပ်ရပ်ရပ် Style ဆင်ကြည့်တယ်
ဘ-၀ ကို .... .... ....... ........ ....... ကြည့်တယ်

"၀ုန်း"

ကံကြမ္မာ ခြေထိုးခံလို လဲပြိုခဲ့ပြီ

---
နောင်တ က အရောက်မြန်တယ် ...
အကြင်နာတွေကတော့ နောက်ကျတတ်တာက အကျင့်
---
ဘ-၀ က _
ငါက နင်တို့ သုံးဆွဲနေတဲ့ website တစ်ခုမဟုတ်ဘူးတဲ့
စုတ်စုတ်ပဲ့ပဲ့ နဲ့ ကုန်းထရင် ပြောရှာတယ်
---
လူတစ်ယောက် အတ္တကို ကိုင်ဆုပ်လို့ ငိုနေရှာသတဲ့
ဟုတ်ပါ့ ၊ မျက်ရည်တွေက ရွဲရွဲစိုလို့ပေါ့။
လူတစ်ယောက်က မာနတွေ အတွက် နှုတ်ခမ်းတွေကွေးညွတ်စွာနဲ့
အပြုံးတွေ အပြုံးတွေ
---
ကမ္ဘာက ယဉ်ကျေးပါတယ်
ကမ္ဘာက သိမ်မွေ့ပါတယ်
optimism တစ်ယောက်ရဲ့ သုံးသပ်ချက်ပေါ့
---
စိတ်တွေကို ထိုးဖောက်ဖို့က ခက်ခဲတော့
အပြုံးတွေနဲ့ လက်ဆွဲ နှုတ်ဆက်ကြတာပေါ့
---
မတူညီဘူး ဒါပေမယ့် မျဉ်းပြိုင်တွေ မဖြစ်သင့်ဘူး
ယ... ပါ
က... ပါ
3 ... ပါ
င် ... ပါ
သုညနဲ့ ၀လုံးတို့ ငြင်းခုန်ကြပြီ
---
ထွက်ပေါက်ဆိုပြီး လမ်းညွန်ကြတယ်
တကယ်က နံရံတွေနဲ့ အလုံပိတ်အခန်း
---
မွန်းကျပ်မှုတွေ ကိုယ်စီနဲ့ လက်ပြချိန်မရဘဲ
အိပ်စက်သွားကြပြီ။

                                                               လူသစ်

Wednesday, June 20, 2012

လူက င်ချီ

လူက င်ချီ


အခန်းတစ်ခုရဲ့ကြမ်းပြင်

သွေးစွန်းနေတဲ့ ဓါးတစ်လက်

တောက်ပခြင်း ကင်းကင်းနဲ့

မတ်တပ်ရပ်နေတယ် ...


ဒူးထောက်နေတဲ့ အနိုင်ရမှုတစ်ခုရဲ့

တွေဝေခြင်း ဟင်လင်းပြင်ကြီးအောက်

ရပ်ကြည့်နေသူတွေက မချိပြုံးပြုံးလို့

စိတ်ဓါတ်ကျနေတယ် ...


အသိတရား ဆိုတဲ့ အရာတစ်ခု

ခင်ဗျားမေ့လျှော့နေတယ်

သူ့ကြမ္မာကို ကိုယ့်ကြမ္မာလုပ်ဖို့ကြိုးစားရင်း

စိတ်ဓါတ်ယုတ်ညံ့မှု တစ်ခုကို ကျောပိုးထားတယ် ...


ရယ်စရာမကောင်းခြင်းကနေ

ဟာသမြောက်စေတဲ့ လူ

လူကောင်းနဲ့ လူဆိုး နှစ်မျိုးသာရှိတဲ့ ကမ္ဘာမှာ

လူ့ချဉ်ဖက် မဖြစ်စေနဲ့ ...


"ကမ္ဘာကြီး တစ်ခုလုံး စုံလုံးကမ်းသွားရင်

ဖြူစင်တဲ့အပြုံးတွေ တွေ့ရမှာ မဟုတ်ဘူး..."

အနာဂါတ်လှဖို့ အနာတရ မဖြစ်စေနဲ့
                                                               လူသစ်

Tuesday, June 5, 2012

ကျနော်နဲ့ သိုင်းကွက်

ကျနော်နဲ့ သိုင်းကွက်

လူသစ်တစ်ယောက် အရွယ်သားက ဖင်မစင်မေမေဆေးပေးနေတုန်း ကာလ မြန်မာဖိုက်တင်ကားတွေနဲ့ အရူးထချိန်ပေါ့ဗျာ။

ဖိုင်တင်ကွက် တစ်ကွက်နှစ်ကွက် ကို အားယားတိုင်း လေ့ကျင့်နေချိန် ပညာခန်းမပြည့်ဝပေမဲ့ မျက်စိမှိတ်တိုက်ကွက်တွေကတော့ အိမ်နောက်ဖေး ငှက်ပျော်ပင်တွေ သေကုန်ခဲ့ဘီ။

တနေ့မနက်ခင်း တန်းရေချိုလေး အမေတိုက်တော့ အဖေသွေးက အပြည့်မို့ ငါးဂျင်းခွပ်တစ်လုံး အမုန်း သောက်ခဲ့မိတယ်။
နေ့လည်နေ့ခင်း အိပ်မပျော်ပဲ ထန်းရေလေချဉ်လေး တမျှမျှနဲ့ အမေ့အားဂျီတိုက်ပြီး နို့တိုက်ဖို့ ပြောနေမိတယ်။

အဘယ်သို့သော ကိစ္စကြောင့် မေမေ စိတ်ပေါက်သည် မသိ လူမမယ်လူသစ်ကို ဒုတ်ကြိမ်းကြိမ်းလေဒယ်ဗျာ။
သကောင့်သား အမောင်လူသစ်ကလည်း ထန်းရေချိုကြောင့် သွေးကကြွ သိုင်းကွက်တွေကလည်း တတ်သလောက်ကိုဖြစ်နေလေတော့ အစွမ်းလေးကလည်း ပြချင်ချိန်ပေါ့ဗျာ။

“အမေ့ တားကိုရိုက်မလို့လား ဟဟ ရိုက်လေ တား တိုင်းကွက်တွေ ကြည့်ထားတယ် ရှောင်ပြမယ်”

အမေ့က ပြုံးတော်မူပြီး ချိုးထားတဲ့ မယ်ဇလီ အကိုင်းဖျားနဲ့ အကွက်ဆိုက်တုန်းတွယ်ရမယ်ဆိုတဲ့ မျက်နှာပေးက အဖေ့ချစ်သားအား သမတော်မူရန် အားယူနေ၏

“အမေ ခြေသလုံးပဲရိုက်ရမယ်နော်” အနှီးမောင်လူသစ်လည်း သိုင်းကွက်ယုံ စုံလုံးကန်းမဖြစ်ရလေအောင် ဈေးလေးဆစ်တယ်။ သားအမိခြင်းဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးပြောနေစရာမလိုပါဘူး။

ပွဲကစပါဘီ... အမေလုပ်သူက ပထမ အချက် ခြေသလုံးကို ရွမ်းဆိုတဲ့ အသံနဲ့ အတူ အလွတ်ဆွဲပလိုက်သည်။
ဘယ်ရမတုန်း သကောင့်သား အမောင်လူသစ် အခုန်ကလေးနဲ့ ရှောင်ပလိုက်တယ်။
အောင်မလေး လွတ်လိုက်သမျှ တွတ်ပီပစ်တဲ့ သားကောင်တောင် မရှောင်မှလွတ်တာ အမောင်လူသစ်တို့က အရှောင် (တလုတ်ကြီးအားပြောခြင်းမဟုတ်ပါ)အတိန်းလေးနဲ့ လွတ်တော်သဂို။
ဒုတိယ အချက် လွတ်နေသေးသည်။

“အမေ တားတိုင်းတတ်နေဘီ”
“အေး နင်သိုင်းတတ်သလို အရှိုးရာလည်း ထပ်စေရမယ်” တော်တော်လေးကိုချစ်ပါသည်
အမေလုပ်သူက ကတိကိုလွယ်လွယ်လေးကို ပေးလိုက်တယ်။

တတိယအချက်မှာတော့ သကောင့်သားလူသစ် ထိပါလေ၏ ခြေသလုံး ညိုညိုထက် မဲမဲကြောင်းတစ်ကြောင်း ပေါ်လာလေဘီ။
ကလေးကလားအကွက် နဲ့ လူကြီး ရိုက်ချက်ကို နှစ်ခေါက်လောက်ရှောင်နိုင်တာ အဟုတ်မှတ်နေတယ်။
အမေလုပ်သူက ပထမတော့ အဲလိုခုန်ရှောင်မယ် မထင်တော့ အောက်ခြေသိမ်းရိုက်တာ လွတ်နေတာပေါ့
ဝူးးးး ... သုံးချက်မြောက်လည်းရောက်ရော အပေါ်ကနေစောင့်ပြီး ခုန်တော့မှဆွဲတာ ခြေသလုံးမှာ အရှိုးရာထပ်ပါကောလား။

လူသစ်တို့ကလည်း လူသာငယ်တယ် စိတ်ကကြီးတယ် အမေ ထပ်ရိုက်လိုက်စမ်းပါဆိုတဲ့ မျက်နှာပေးနဲ့ ထပ်ကြည့်တယ်။ လွတ်မယ်ထင်လား
ဘယ်ကလာ အကုန်ထိတယ် စောင့်ရိုက်လိုက် ကြိုရိုက်လိုက်နဲ့ ခြေသလုံးမှာ အရိုးရာထပ်လို့ နံနွင်းလိမ်းအိပ်ခဲ့ရလေတာ မှတ်မိသေးတယ် မာတာမိခင်။

လူသစ်

မှတ်ချက်။        ။ မေမေသည် ကျနော်အား ရိုက်ခဲ့ဘူးသည်ကို လက်ချိုးရည်လို့ပင်ရလေသည်။

Monday, June 4, 2012

မ င်း

မ င်း . . .



မင်းမဟုတ်တဲ့ အရာတွေကို

ငါ.... မြတ်နိုးတတ်ဖို့ ....

အချိန်ပေး ကြိုးစားနေတုန်းပါ....



မင်းမပါတဲ့ မနက်ခင်းတွေကို

အချိန်မှန် နိုးထနိုင်ဖို့....

နာရီ အလန်းသံလေး... ချဲ့ထားတယ်....



မင်း ..... သာ.... မင်း.... မှ.....

မင်း......ကိုပဲ .... မင်း....လောက်...

မင်း.....မင်း.....မင်း.....မင်း.....မင်း.....

မင်း.....မင်း.....မင်း.....မင်း.....မင်း.....



တစ်ဘ၀တာ..... မြတ်နိုးတန်ဖိုးထားမိသူပါ....



ဝေးကွာပြီးနောက်

သတိရခြင်းတွေ ဖျောက်ဖို့

အချိန်တွေကို အလွမ်းဖိနပ်စီးပြီး

နင်းလျှောက်နေခဲ့ သူ တစ်ယောက်



ပြိုကျ ပျက်စီးလွယ်မှန်းသိရင် ...

အစကတည်းက မတည်ဆောင်ခဲ့ပါဘူး

ပေးဆပ်လိုက်ရတဲ့ အချိန်ရဲ့ တန်ဖိုးတွေ

 နှမြောနေရင်း မင်းကို ... ငါ .... မျှော်လင့်လို့



လျှော့ဈေးနဲ့ ရောင်းနေတာကိုဈေးဆစ်တဲ့မင်း ....

    "ငါ့နောက်ကျောကို ထိုးဖို့ ဓါးတစ်လက်

    ဘယ်အချိန်ကတည်းက သွေးထားခဲ့တာလဲ"


                                                        လူသစ်

Monday, May 21, 2012

န ယ် ရု ပ်မ

  • န ယ် ရု ပ်မ ...
ရုပ်ပွနေတဲ့
နင့်ပုံရိပ် တန်ဆာဆင်ထားတဲ့
ငါ နှလုံးသား အခန်း ....

အလင်းရောင်မရှိပဲ
ငါမြင်နေရတဲ့ နင့် မျက်ဝန်းတွေ ....

ပတ်ဝန်းကျင်နဲ့ ဓါတ်မတည့်တဲ့
ငါ ဥပက္ခာ တရားတွေ...

မေ့မေ့လျှော့လျှော့နဲ့
အနာဂတ်...က ငါ့ကို စောင့်ကြိုနေတယ် ...

အတိတ်ထဲမှာ ငါအိပ်စက်ရင်းက
အလွမ်းတွေနဲ့ နပန်းလုံးနေတယ် ...

နင့် အတွက် ပေးဆက်လိုက်ရတဲ့
တန်ဖိုးကြီး သိက္ခာမဲ့ အချိန်တွေရဲ့
တန်ဖိုးကို နှမြောလိုက်တာ....

အခါခါ တားနေတဲ့ ဦးနှောက်ကြီးကို
ဆန့်ကျင်တဲ့နေ့ က ငါ အမှောင်လမ်းကို
နှလုံးသား ခင်းလို့ လျှောက်လိုက်မိပြီ ...

နင်က ငါ ဘ၀ ကို ဖျက်ဖို့
စေတန် ဖန်ဆင်းပေးခဲ့တဲ့
တစ်ခါတုန်းက ... နယ်ရုပ်မ ...



                                             လူသစ်

ဘ ၀ တူ များ

ဘ ၀ တူ များ

စွန့်ပစ်အမှိုက်ပုံထဲက

ရွှေတစ်စ ....

တောက်!

တင်စားစရာ အဲ့လောက်ရှားလား။...။


တစ်ထပ်ထဲ မကျတဲ့

စိတ်ကူးနဲ့ အိမ်မက်

အရောင်လွင့် နံနက်ခင်းတွေကြားထဲ

သူလိုငါလို ... နိုးထခဲ့တယ်။...။


ဇတ်ကျောတက်နေတဲ့ ပစ္စုပ္ပန်

တွန့်ခေါက်တောင်တန်းတွေကြားထဲ

အနာဂတ်တွေ တလိမ့်ခေါက်ကွေး

လိမ့်ကျလာတယ်။...။


တံလျှက်ကျိုးတဲ့ ကောင်းကင်ထက်

အညိုရောင်တိမ်တိုက်တစ်ခုက

ငါ့ မနက်ဖြန်တွေ ကို အမှောင်ချထားတယ်။...။


လိုအပ်သလို ခံစားလိုက်ပါ မိတ်ဆွေ

ဖြည့်စွက်ချက် မလိုဘူး

သင်နဲ့ ကျုပ်ရဲ့ မနက်ဖြန်မှာ

တစ်ယောက်ကို တစ်ယောက် လုပ်ကြံရင်း

အသက်ရှင်ကြရအောင်လား။...။


မွှန်းကျပ်မှု ၊ နစ်မွှန်းမှု ၊ ...

တစ်ခုခုတော့ လက်ကိုင်ထားလိုက်စမ်း

ကောင်းကင်က မြေကြီးကို ပါးရိုက်တဲ့နေ့

ခင်ဗျားနဲ့ ကျနော် အတူတကွ

လက်ခုပ်တီးကြတာပေါ့။.........။

                                             လူသစ်

Saturday, May 5, 2012

နာဂစ်မုန်တိုင်းမှ ကြက်ခြေခတ်များ

နာဂစ်မုန်တိုင်းမှ ကြက်ခြေခတ်များ

ကျနော်သည် အသက်ခြွေ နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် NCV (မွန်မြတ်ဂရုဏာရှင်များ) အဖွဲ့ထဲကို သူငယ်ချင်းနှစ်ယောက်နှင့် အတူ ဘော်လန်ဒီယာအဖြစ် ၀င်ရောက်လှုပ်ရှားခဲ့သည်။ ကျနော်တို့ အဖွဲ့ရုံးခန်းမှာ နာဂစ်မုန်တိုင်း ဖြစ်ပွားမှုနှင့် အနီးကပ်ဆုံးမြို့ တစ်မြို့ဖြစ်သည့် ဘိုကလေးမြို့ပေါ်တွင်ဖြစ်သည်။ ထိုနေရာတွင် အထိုင်ချပြီး နာဂစ်ဒါဏ်သင့်နေရာများသို့ ပစ္စည်းများဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
ယခုတစ်ခေါက်တော့ ကျနော်တို့အဖွဲ့သည် သမိန်ပုလဲရွာသို့ ပစ္စည်းဝေရန် ရောက်ရှိခဲ့သည်။ ကျနော်တို့ အဖွဲ့ ပစ္စည်းဖြန့်ဝေလှူဒါန်းမှုပုံစံမှာ ထိုရွှာရှိ အိမ်ထောင်စု အရည်အတွက်(အိမ်ထောင်စုဝင်လူဦးရေ) ဖြင့် ဖြန့်ဝေပေးခြင်းဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်စေ၊ အိမ်ထောင်စုဝင်ဖြစ်စေ တစ်ဦးဦးမှ လက်မှတ်ထိုးပြီး လက်ခံယူရသည်။
ပစ္စည်းစတင်ဝေချိန်တွင် ကျနော်သည် လက်မှတ်ထိုးရမည့်စရင်းစာအုပ်ရှေ့တွင် ထိုင်နေရပြီး ပစ္စည်းလာရောက်ထုတ်ယူသူများအား လက်မှတ်ထိုးခိုင်းရသည့်နေရာတွင်ထိုင်ရသည့် တာဝန်ကိုယူလိုက်သည်။ အခြားအသင်းဝင်များက ပစ္စည်းများကို မမှားအောင်စစ်ဆေးပြီးပေးသည့် နေရာတွင် ၀ိုင်းဝန်းလုပ်ဆောင်နေကြသည်။
ပစ္စည်းထုတ်ယူမည့် ပထမတစ်ဦးရောက်လာသည် ကျနော်က လက်မှတ်ထိုးခိုင်းသည့်နေရာကိုပြသည် ထိုသူမှာ ဘောပင်ကို တုံယင်စွာကိုင်ပြီး လက်မှတ်တစ်ခုထိုးလိုက်သည်။ မြင်လိုက်ရသည့် လက်မှတ်ကြောင့် ကျနော်ပြုံးမိသွားသည်။ ထိုလက်မှတ်သည် ကြက်ခြေခတ်တစ်ခုသာဖြစ်သည်။ ကျနော် အမှန်တကယ်ကိုပြုံးမိလိုက်ခြင်းဖြစ်သည်။ ကျနော်စိတ်ထဲတွင်ထိုသူကို လောင် လိုက်မိခြင်းဖြစ်သည်။ ထိုသူအသက်မှာ ၃၀ ပတ်ဝန်းကျင်ခန့်ရှိမည်ထင်သည် (အလုပ်အကိုင်ကြောင့် ရင့်ရော်နေခြင်းလဲဖြစ်လောက်သည်)။ ထိုသူသည် ပစ္စည်းလက်ခံရယူပြီး ခါးလေးကိုင်းကာ ကျနော့်ရှေ့မှ ပြန်ထွက်သွားသည်။
တစ်ယောက်၊ နှစ်ယောက် ၊ သုံးယောက် ပစ္စည်းထုတ်ယူသူတွေများလာသည်။ ကျနော့် ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်ထိုးသည့် စရင်းစာအုပ်လေးထဲထွင်လဲ ကြက်ခြေခတ်များ တစ်စတစ်စများလာသည်။ ပတမအစဦးကလို ကျနော် မပြုံးရယ်နိုင်တော့ပါ ကျနော်ငိုချင်စိတ်ပေါက်လာသည်။ လူအယောက်လေးဆယ်ကျော်တွင် အမှန်တကယ်လက်မှတ်ဟုသတ်မှတ်နိုင်သည့်လက်မှတ်က ၅ခုလောက်သာရှိနေသည်။ အသေချာဆုံးသော ကောက်ချက်ကိုချရလျှင် အမှားခြစ်လက်မှတ်ထိုးသွားသူများမှာ စာမတတ်သူများသာဖြစ်သည်။ ကျနော့်ခံစားနိုင်မှုစွမ်းအားသည် ကုန်ခမ်းသွားပြီဖြစ်သည် ထို့ကြောင့် ပစ္စည်းဝေနေသည့် သူငယ်ချင်းတစ်ယောက်နှင့်နေရာ ချိန်းလိုက်ပြီး ပစ္စည်းဝေသည့်နေရာသို့ပြောင်းရွေ့လိုက်သည်။
ကျနော်တို့ ဘိုကလေးမြို့ကိုပြန်ရောက်တော့ အဖွဲ့ခေါင်းဆောင်ကမေးတယ် ခရီးက ဘယ်လိုနေလဲတဲ့
ကျနော်နှုတ်ဖျားက ငိုသံစွက်စကားတစ်ခွန်းထဲထွက်ကျသွားသည် “သူတို့စာမတတ်ကျဘူးဗျာ”
ကျနော်တို့အရမ်းကံကောင်းခဲ့သည် ကျနော်တို့စာတတ်ခဲ့သည် အသိပညာပေါင်းစုံပေးသော စာများဖတ်နိုင်ခဲ့သည်။ အမှားခြစ်လက်မှတ်ထိုးသူများသည် ဘာအသိမှ သူတို့မှ မရှိကြ ကြားဖူးနားဝ လက်တွေ့ဘ၀တွေနဲ့သာ လောကကိုရင်ဆိုင်နေရသည်။
တစ်ချိန်ချိန်တော့ သူတို့ဘ၀လေး တိုးတတ်ပါစေ
လူသစ်

Sunday, April 22, 2012

အ လွမ်း စ စ်

  • အ လွမ်း စ စ်


နွယ် ...
ရစ်ပတ် ရစ်ဖွဲ့ခဲ့တဲ့ အကြင်နာတွေ...

နွယ် ...
နှောင်ဖွဲ့ ဆွဲငြင်သော မေတ္တာတွေ...

ကြာပြီ ...
နာရီတောင် ညောင်းနေလောက်ခဲ့ပြီပဲ

ပြန်လာမည် မျှော်ရင်းက
ခမ်းခြောက်စ ... မျက်ရည်... တပတ်လည် သံသယာထဲက
ငါ့ အသည်းက ဒါဏ်ရာ ...

တိတ် တ ဆိတ် ...
ကြွေ ကြ နေ တဲ့ ... မိုးသား မျက်ရည် ... ကြယ် တွေ ... တစ်ဖောက်ဖောက်နဲ့
လ မင်း ငို သံ ... ဆူ ညံ သံ တွေ ... အားးးးးးးးးးးးးးးးးး .... နာ ကျင် လိုက်တာ....

ဒါဟာ ... မင်း ပေး မ မက် တဲ့ ... အိမ်မက်
အတိမ် အနက် ... မရှိ .... တပြေးညီ ... သစ္စာ ... စူး လွန်း လှ တယ် ....

နွယ် ...
ချစ် တယ် .... ချစ် တယ် ....
နင့် အဝေးက ... ငါ့ နှလုံးသား ဆူညံသံတွေ ...

အနားသတ် မဲ့ တဲ့ ... နောင်လာမည့် နေ့စွဲ အသစ်တွေ...
မာန တစ်ခု လွယ်ရင် ... ငါအံတု နိုင်မှာလား....

ဟိုး အဝေး မိုးကုတ်စက်ဝိုင်းအောက်က ... နေ၀င်ချိန် အချို့ ...
ဒါက ကျနော့် အလွမ်း...နဲ့ မျက်နှာခြင်းဆိုင်က ရှူခင်း

အနီးအနားက ရေပြင်ကျယ်ကြီးက ... လှိုင်းငယ်လေးတွေ...
ဒါက ဖြေးဖြေးလေး သတိရတဲ့ ... ရင်ခုန်သံတွေ...

ကမ္ဘာနဲ့အတူ... ၊ သတိရခြင်းက ခမ်းနားလာတယ်...။..


လူသစ်

Monday, March 12, 2012

အချစ်ဆိုတာ?

  • အချစ်ဆိုတာ?

အချစ်ဆိုတာ...
ခပ်ပါးပါးကြိုးလေးနှစ်ချောင်း
ဆက်ထားတဲ့အရာပေါ့
စတင် လိမ်ညာဖို့
တစ်ဦးကိုယ်တစ်ဦး ရစ်ပတ်ရင်း
ရှုပ်တွေးခြင်းတွေနဲ့ အဆုံးသတ်မယ်

အချစ်ဆိုတာ...
ခွက်အလွတ်တစ်လုံးပေါ့
သူ့အထဲကို ချိုချဉ်ငံစပ်
ဘယ်အရည် ထည့်ထည့်
ဒီပုံသဏ္ဍန်ပဲ ထွက်လာတတ်တယ်

အချစ်ဆိုတာ...
ဈေးပေါပေါ အ၀တ်တစ်ထည်ပေါ့
ခဏတာသာယာဖို့ လုံခြုံဖို့
အဖြည့်ခံအနေနဲ့
လူတွေက အသုံးချတတ်ကြတယ်

အချစ်ဆိုတာ...
ငါအတွက်တော့
ကမ္ဘာဆွဲအားကို တွေ့ရှိသွားတဲ့
နယူတန်ရဲ့ ပန်းသီးတစ်လုံးလိုပဲ

  • ကဲ တို့နှစ်ယောက် အတူတူ ရက်ရက်စက်စက် စားသုံးလိုက်ကြပါဆို့....

လူသစ်

Wednesday, March 7, 2012

Around The Tea Shop

Around The Tea Shop

အဆုံးသတ် နေလုံးနှင့်အတူ မခန်းမနား ညစ်ထပ်ထပ် ထိုင်ခုံတွေမှာ လူတစ်စု ညစ်ညမ်းမှု၊ သုတ၊ ရသ ဆိုင်ရာများနှင့် မသေချာသော အချက်အလက်မှားဟုဆိုနိုင်သည်များ မျှဝေနေကြ၏။ ပတ်ဝန်းကျင်ကို ဥပက္ခာပြုသယောင်ယောင်နှင့် အတိုင်အဖောက်ညီညီ လေထန်နေသည်သူတွေဟု ကောက်ချက်ချမည် ဆိုလျှင်လည်း မှားသည်ဟု မဆိုသာပေ။ ဒီနေရာ ဒီဝိုင်းလေးတွင် ကောင်းမွန်မှု တစ်စုံ တစ်ရာ ဒါမှမဟုတ် မကောင်းမှုတို့ စုဝေးရာ အချိန်တစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်ကို ကော်ဖီတစ်ခွက်နှုန်း မဟုတ်သော်ညားလဲ ထိုင်ခုံ တစ်လုံးစီပေါ်မှာ ဖင်ထိုင်နေသည်ကတော့ အမှန်ပင်ဖြစ်၏။ အချို့တွေကတော့ စပွန်ဆာဆိုသော အရာကို တောင်းတကောင်း တောင်းတနေလိမ့်မည်။ ယောက်ျားသားတွေကြီး ဖြစ်သည်ကတော့ မုချမလွဲပေ။

စတင်ကြားလိုက်သည့် အရာက မသက်သာလှဂျေ... ဟုတ်၏ သူတို့ ပြောချင်စရာပင်ဖြစ်သည်။ ငွေနောက်လိုက်ကြသည်မှန်သော်လည်း ပုံစံက အလွန်ကွာလှသည်။ အဆိုတော် တစ်ယောက်၏ ပင်ကိုသံမကောင်းပဲ Effect တွေ သုံးပြီး စင်ပေါ်ရောက်လာသော ကိစ္စကိုလဲ မစားရ၀ခမန်း ပြောသေးသည်။ မင်းသမီး ဟူသော နာမည်ခံသူ ဖိနပ်စီးကြက် များအကြောင်း အဆိုကို တင်သွင်းချိန်မှာ ဘေးဝိုင်း၏ မသိမသာ အကဲခက်မှုကို ခံလိုက်ရသည်။အနုပညာဟု အမည်တပ်သော်လဲ ကိုယ်ပိုင်အရည်အချင်းဖြင့် အားထုတ်မှု နည်းပါသည်... ဒါက အဆုံးသတ်မှတ်ချက် ဖြစ်သည်။ မှန်သည်မှားသည်မဆိုသာသော်လည်း ရာခိုင်နှုန်းက 90%လောက် နည်းနည်း ဖြစ်တည်မှု ရှိနေ၏။

နောက်တစ်ခုသို့ ခေါင်းစဉ်အတင်းမရမက ဆွဲတင်လိုက်သည်... ယဉ်ကျေးမှု ဟု ခေါင်းစဉ်တပ်ရမည် ဖြစ်၏။ တစ်ယောက်သောသူ၏ သုံးသပ်ချက်က အတိတ်ဆိုတာနေရာက ဟာတွေကို တတ်နိုင်သလောက် ပယ်ဖျက်သင့်သည်ဟု ဆိုတယ်။ ခြေပသူက ရှင်းတယ် သမိုင်းဆိုတဲ့ မှတ်တိုင်တစ်ခုမှ အရာတွေက မေ့ကောင်းသော အရာမဟုတ်ဘူးဆိုသတဲ့ ... ဥနောက်နည်းသူ တစ်ယောက်ကတော့ တိုးတက်မှုနဲ့ တိုနန့်မှု ရောတွေးနေသည်ဟု ဆိုပြန်သည်။ နောက်ဆုံး အဖြေက နေရာကိုလိုက် တန်ဖိုးရှိစွာ နေထိုင်ခြင်း ဟု သတည်း။


ကိုယ်တိုင်မအောင်မြင်သေးသော အရာတစ်ခု၏ အစကို ဆွဲထုတ်လိုက်သည် တိုသည်က ပညာရေး ပင်ဖြစ်သည်။ ၀ိုင်းအတွင်း ထိုင်နေသူများထဲမှာ 50% လောက်သော ရာခိုင်နှုန်းမှာ ကျောင်းနေကြာ၍ အလေလိုက်နေသူ များပင် ဖြစ်သည်။ မည်သို့ ဖြစ်စေ တစ်ဝိုင်းထဲ ထိုင်နေပြီ ဖြစ်၍ ဆွေးနွေးမှု နောက်သို့ လိုက်ပါ စီးမျောရမည် ဖြစ်သည်။ တစ်ယောက်သော သူ၏ အစ ဆွဲထုပ်မှုက ရိုးရှင်းသည် စာမေးပွဲ အောင်မြင်ခြင်းသည် ကျောင်းသားတစ်ယောက်၏ပန်းတိုင် တစ်ခုမဟုတ်ဟု အဆိုတင်လာသည်။ အရွဲ့တိုက်သူကတော့ အိမ်ထောင်ပြုခြင်းလား? ဥနောက်ကို လေနှင့် လှန်းကာ ဖောက်သည်။ စတင်သူက ဆက်ပြီး ဆို၏ ထိုကား ကျောင်းသားတစ်ယောက်၏ အောင်မြင်မှုက စာတတ်မြှောက်ခြင်း သာဖြစ်သည်။ မှန်ပေစွ ... စာမေးပွဲဆိုတာ စာတတ်မြှောက်မှသာ အောင်နိုင်မည် ဖြစ်သည်။ သိုသော် စာတတ်မြှောက်ခြင်းမူက စာမေးပွဲ အောင်သည် မအောင်သည်နှင့် မဆိုင်ပြန် မိမိတတ်မြှောက်ခြင်းကို စာမေးပွဲ က အဆုံး အဖြတ် မပေးနိုင် မိမိကိုယ်တိုင်နှင့် မိမိလုပ်ဆောင်မှုများကသာ မှတ်ချက်ပေးလိမ့်မြည်ဟု ဂေါက်သီး တစ်ယောက် က ဆိုပြန်၏။ အရေးထဲတွင် အဆိုးမြင်ဝါဒီသမားက စာသင်ပေးသူတွင် အပြစ်များရှိနေသည်ဟုဆိုကာ ကျောင်းတွင် သင်ရိုးပြည့်ဝစွာ မသင်ကြားခြင်း၊ စာမေးပွဲစစ်မှုတွင် 25မှတ်ဖိုးသာ မေးခြင်း၊ လ ပတ် စာမေးပွဲ များတွင် ပါဝင်မည့် အရာများ ကြိုတင် အသိပေးခြင်း ... စသည့် အရာများ ပြောလာပြန်၏။ အဆိုးမြင်ဝါဒီ သမား အဆိုက မမှားပါ ကျောင်းတော်တော်များများတွင် တိုသို့သော စနစ်များ ရှိနေသည်။ ကဗျာမကျက်ခိုင်းမှုများ၊ သမိုင်းကို ဖျက်ညှက်ကပ်လုပ်မှုများနှင့် မှားယွင်းသော သင်ကြားမှုများ မြင်တွေ့နေရသည်ကတော့ မှန်၏။ e-Education ဆိုရာတွင်လည်း ပြီးပြည့်စုံမှု မရှိချေ။ လွန်ခဲ့သော နှစ်အနည်းငယ်က Media Room ဖွင့်သည် ဆိုရာတွင်လဲ တစ်ကျောင်းနှင့် တစ်ကျောင်း ပစ္စည်းငှားရမ်းမှုတွေရှိနေသည်ဟု တိုရပ်ဝန်းနှင့်မစိမ်းသူတစ်ယောက်က  ပြောလာပြန်သည်။ ဒီခေါင်းစဉ်အောက်က ဆွေးနွေးမှုတွင် နောက်ဆုံး ရလဒ်မှာ ကိုယ်တိုင်လေ့လာခြင်းသည်သာ တတ်မြောက်မှု တိုးတတ်မှုရစေသည် ဟူသော ရလဒ်ဖြင့် အဆုံးသတ်သည်။

ဒါနဲ့ Online ပေါ်မှာ ဘာထူးသေးလဲ ဟူသော အမေးနဲ့ အတူ လေလှိုင်းထဲမှ ရသများဆီ ဆက်လှမ်းလိုက်ကြ၏။ Steve Jobs သေသွားဘီလေ။ နည်းပညာတွေကို ဖတ်လို့ရတာတော့ မိုက်တယ်ကွ။ ချစ်ချက်တွေကလဲ သူ့ဖီးနဲ့သူပါကွာ။ ဟိုတလောက ကောင်မလေးနဲ့ ဘာဆက်ဖြစ်သေးလဲ။ အပြင်မှာမတွေ့သေးဘူးပေါ့ဟုသော စပ်စုတတ်သူက ၀င်မေးသည်။ ဟာကွာ အရေမရအဖက်မရ ကိစ္စတွေပါဆိုသော သူကလဲပါသည်။ ဟုတ်တယ်ကွ စာတွေဖက်ဖီးတတ်တဲ့ ခေတ်ပေါ့နော်။ ညစ်ညမ်းဆိုဒ်တွေရဲ့ View Click အရည်အတွက်တွေကတော့ နေ့စဉ်တိုးတတ်နေတယ်နော်။ ဖိုရမ်တွေကလဲ များတယ်ကွ။ အောင်မြင်တာတွေလဲရှိတာပေါ့။ စသည့် အကြောင်းများကြားမှာ ထူးခြားတာတစ်ခုက အွန်လိုင်းပေါ်ကနေ အော်ဒါလိုက်တဲ့ ကိစ္စ ဆိုတာကြီး။ ဟုတ်၏ CHATကနေ ဈေးစကားပြောကြသည်ဟူသော အကြောင်းကို ပယ်ပယ်နယ်နယ် Share လုပ်ကြတော့သည်။

တော်တော်ကြာညောင်းပီဟူသော အချိန်ရောက်လာချိန်တွင် အားလျှော့လာသော လေလုံးများနှင့် အတူ ကျနော် လက်ထဲရှိ စီးကရက် တစ်လိပ်ကို အနားရှိ သူ တစ်ယောက် အား ကမ်းပေးရင်း လမ်းမထက်မှာ ကောင်လေး တစ်ယောက်နဲ့ လက်တွဲသွားသော သူမနှင့် ခပ်ဆင်ဆင်တူသော ကောင်မလေး တစ်ယောက်ကို မြင်လိုက်မိသည်။ မျက်လုံးထဲတွင် သူမ ပုံရိပ်စွဲထင်နေမှုက တော်တော်လေးတော့ ခက်နေသား။

တိုနေ့ည လက်ဖေ့ရည်ဝိုင်းသည် ညဏ်စမ်းမေးခွန်းများနှင့် အတူ ၀ိုင်းသိမ်းခဲ့ကြလေသည်။

ထို အထဲက ခပ်ပိန်းပိန်း တစ်ယောက်ရဲ့ ကလေးကွက် ဥာဏ်စမ်းတစ်ခုက ...
မနက်ဖြန် ဘယ်အချိန် ဆုံကြမှာလဲ ဟူသတည်း?



  • လူသစ်

Saturday, March 3, 2012

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (င)


လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (င)


ရိုးသားစွာ ရူးသွပ်မိခဲ့

နိုးထလာတဲ့ မနက်ခင်းနဲ့

သူမအတွက် သီချင်းရေးခဲ့

ဆိုးရွားတဲ့ နင့်ရဲ့ တုန့်ပြန်မှုတွေ

ဥပက္ခာပြုရင် ရင်ထဲ အထိ

နင့်မဲ့ပြုံးတွေကို သိမ်းထားမယ်


စိမ်းကာလိုက်စမ်းပါ

ထိန်းထားလို့မရတဲ့

ချစ်ခြင်းတွေနဲ့

ငါ့ သစ္စာရှိခြင်းတွေ

ယိမ်းပါးမသွားဘူး

စိမ်းကားသူရယ်


လူအ တစ်ယောက်ပါ

အခါခါ ၀န်ခံရင်း

နင့် ရှေ့မှောက်

ဒူးထောက်ထားတဲ့နှလုံးသား

တစ်ခု ပိုင်ဆိုင်ထားတယ်

အရှုံးများပဲ လာလာ


အမုန်းများပဲ ပေးပေး

ငါ အေးအေးဆေးဆေးဆက်

ချစ်နေမယ်လူအ အချစ်မို့ ပါ။....။

                                               လူသစ်

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ဃ)

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ဃ)


မာယာတွေ

သုတ်လိမ်းထားတဲ့

ကတ္တီပါ နှုတ်ခမ်း

ဟန်ဆောင်မှုတွေ

ဆင်မြန်းထားတဲ့

အနက်ရောင် မျက်ဝန်းနဲ့

ရန်စက်မှု ၀တ်ရုံကို

လွှမ်းခြုံထားလည်း

စုန်းမလို့ ....မသတ်မှတ်ရက်ဘူး။


ခွင့်လွတ်မှုတွေ

နားလည်မှုတွေ

မရှိတော့ရင်တောင်

ချစ်ခြင်းတွေက

မကုန်ဆုံးဘူး။



ဆိုးစမ်း...

ငါ့ ရင်ဘတ်ပေါ်မှာ

ခိုးစမ်း

ငါ့ နှလုံးသား

မုန်းစမ်း

ငါ့ ကြင်နာမှုတွေ

ရှုံးစမ်း

ဒီ တစ်ဘ၀လုံး


လူအ အချစ်

နင်စေရင် ကမ္ဘာဆုံးတိုင်

မင်းအမုန်းက

ရုန်းမထွက်ဘူး။






                            လူသစ်

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ဂ)

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ဂ)
 
 လူ အ တစ် ယောက်

သူ မ အ လိမ် အ ညာ တွေ ကို

လက် ခုပ် တီး ပေး လို့

ထို .... (အချစ်ပွဲတော်)

ဆပ် ကပ် ထဲ က

မျက် လှည့် လက် လှည့်

အလှနတ်ဖုရား တစ်ဆူ

မှော် ဆ ရာ မေ လး ...

                             လူသစ်

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ခ)

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (ခ)



ငါလဲ ရိုးအစွာနဲ့



ငါးမျှားချိတ်မှာ



အစာမတတ်ပဲ



ငါးမျှားခဲ့မိတယ်





အမှတ်မရှိ



ထပ်မံ ရိုးအစွာနှင့်



ငါ......



ငါးမျှားချိတ်ကို



ဖြောင့်တန်းပြီး



ဆက်မျှားနေသည်။



လူအ အချစ်



အဆုံးမသတ်ချင်သေးဘူး



                              လူသစ်

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (က)

လူအ တစ်ကောင်ရဲ့ ချစ်ခြင်း (က)

မြွေပွေး တစ်ကောင်ကို

ခါးပိုက် ပိုက်တာ မဟုတ်ဘူး

ငါ နှလုံးသားနဲ့

တစ်ဖက်သက် စီးချင်းထိုးနေတာ

အရှုံးဆိုတာက ခါးသီးတယ်

ဒါပေ့မယ်...

ငါကျေနပ်ပါတယ်

ရင်ဘတ်တစ်ခုလုံး

ပုတ်ကျပျက်စီးသည့်တိုင်

မင်းအပြုံးတွေကို သိမ်းထားမယ်

ဥနောက်တစ်ခုလုံး

သုံးမရတော့ရင်တောင်

မင်းမျက်ဝန်းတွေကို ငါမှတ်မိနေမယ်

အိမ်မက်တွေမှာ

တစ္ဆေခြောက်သလို

နင်ပုံရိပ်တွေ စိုးမိုးနေလဲ

ငါတန်ဖိုးထားပါ့မယ်...

ငါ့အကြည့်တိုင်းမှာ

နင့်ပုံရိပ်ပါနေလဲ

ငါမျက်ဝန်းကို ဖွင့်ထားပါ့မယ်...၊...

ဒါက

ငါ (လူအ) ချစ်တတ်သော
ငါ့ (လူအ) .................အချစ်။



                                           လူသစ်

Friday, March 2, 2012

တစ်ဖက်သတ် ပြက်လုံးသစ်

တစ်ဖက်သတ် ပြက်လုံးသစ်

ကဗျာတွေနဲ့
ဖုန်းဝှက်ထားတဲ့ ချစ်ခြင်းတွေ
တစတစ ကြီးထွားလာတယ်
ငါ ဆိုတာ နင့်ကောင်းကင်အောက်က
ကြိုးမဲ့စွန်ငယ်ပါ
အမုန်းမိုးတွေ မစိုပါရစေနဲ့


ငါရော
ဘာသားနဲ့ထုထားလို့လဲ
ကောင်မလေးရယ်
အနမ်းဦးတွေတော့
လိုချင်ခဲ့တာပေါ့
ဒါပေမယ့် ဒီအတွေးက.....
တစ်ဖက်သတ် ပြက်လုံးသစ်ပါ။...။

လွတ်လပ်စွာ....
တစ်ဖက်သတ်....
ချစ်ခွင့်....
ပေးပါ.......
                                        လူသစ်

သတိရလို့ပါ...ချစ်သူ (၄)

သတိရလို့ပါ...ချစ်သူ (၄)


ကျနော် ဖိအိပ်ထားလို့ သူမ ဓါတ်ပုံလေးလည်း ခေါက်ရိုးကျိုးနေပြီ

"သူမ နှစ်ခြိုက်စွာ ခေါင်းအုံး အိပ်စက်ဖူးတဲ့
ကျနော် လက်မောင်းလေး ငြိုးငယ်စွာ
မျက်ရေစိုဂစ်တာအိုလေးကို ဖက်တွယ်နေမိတယ်။.။"

ကဗျာ ဆန်လွန်းတဲ့ သူမ အကြည့်အချို့၊ အပြုံးအချို့

"နှစ်ယောက်အတူတူ ကြယ်ကြွေကောက် သန်းခေါင်ယံတွေ"နဲ့ ဗလာအစုဝင် အသိညဏ်တွေ မရှိတော့ပြီ...။။။။

သူမ အဆင်မှ ပြေပါလေစ
သူမ ပျော်ပါလေစ
သူမ ....... အစစ ... အရာရာ ....
ကျနော် အတွေးတွေက ကျိန်စာသင့်နေသလိုပဲ

  • မျက်ဝန်းနက်ထဲက မဲ့နက်နက်လေးကော လှနေတုန်းပဲလား....။။။။
  • နဖူးပြင်ထက်က မဲ့နက်လေးကော တင့်တယ်နေတုန်းပဲလား....။။။။

  • ကျနော် Mark ပေးခဲ့တဲ့ လည်တိုင်လေးကော သူတပါး အနမ်းတွေခြွေနေပြီလား...

ကျနော်ကသာ တစ်ဖက်သက် သတိရခြင်းတွေနဲ့ ....


"ကျနော် တောက်ခေါက်သံ အချို့ သူမ ဆီမှာ ကျန်နိုင်ကောင်းရဲ့"









လူသစ်          

သတိရလို့ပါ...ချစ်သူ (၃)

သတိရလို့ပါ...ချစ်သူ (၃)

  • ရင်ခွင်ဦးမို့ အထူးချစ်မိခဲ့သည်

  • အကြင်နာဦးမို့ အရူးမူးစွဲလမ်းခဲ့သည်

"ပထမဆုံးတွေ အကုန်လုံးကို သူမ သိမ်းပိုက်သွားပြီး
အလွမ်းတွေကို အခကြေးငွေအဖြစ် ပေးထားခဲ့သည်"

မနက်ခင်းတိုင်းသာ သူမအနားမှရှိရင် နေရောင်မမြင်ရလဲ ကျနော်ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်နေမှာပါ ....


ကမ္ဘာက လှတယ်


နင်ငါ့နားရှိချိန်တိုင်း ကဗျာလည်း လှတယ်

အရာအားလုံး အလှဆုံးတွေပဲ ငါ ပိုင်ဆိုင်ထားတယ် ...

ဝေးသွားလို့ မဖြစ်ဘူး ခဏခဏ အော်ဟစ်နေကြရင်း အမြင့်ဆုံးကနေ နင်ငုံကြည့်နေချိန် မြေပြင်မှာ ကောင်လေးတစ်ယောက် ပန်းအကြွေကောက်နေတယ်....

မေတ္တာနယ်မြေမှ သစ္စာမဲ့စွာ အဝေးထွက်သွားသူကိုမှငါဆိုတဲ့ ငအ တစ်ယောက် အမှောင်ထဲကနေ မျှော်လင့်နေတယ်....

  • ဒါဏ်ရာတိုင်းသာ ကုလို့ရမယ်ဆို ... သတိရခြင်းကို ဖြောက်ပေးပါ...

"ငါ့ပိုင်ဆိုင်ရာ မိုးလင်းမိုးချုပ်မှာ သူမနေထိုင်နေခြင်းကို ငါမုန်းတယ် ..."



 
 
 
 
 
 
 
လူသစ်         

သတိရလို့ပါ...ချစ်သူ (၂)

သတိရလို့ပါ...ချစ်သူ (၂)



    ဘာမှမဟုတ်ခဲ့ပါ... သူငယ်ချင်းတွေကြား ... အခါခါ လိမ်ညာနေရင်း

    မနက်ခင်းတိုင်းမှာ... နင်ပါဝင်ကပြနေကြ ... အိမ်မက်တွေလည်း ခဏခဏ



    ဘာမှမဟုတ်ခဲ့ပါ... ကိုယ်ကိုကိုယ် ... အခါခါ လိမ်ညာနေရင်း

    ညနေခင်းတိုင်းမှာ... နင်နဲ့အတူထိုင်ခဲ့ဘူးတဲ့ ... ကန်ဘောင်မှာလည်း ခဏခဏ



    ခဏခဏနဲ့ သတိရခြင်းတွေ

    ခဏခဏနဲ့ အလွမ်းတွေ

..............................တခဏနဲ့ ပျယ်လွင့်သွားတဲ့ ချစ်ခြင်းကြောင့်လား



ဒါဏ်ရာရေ ... တဆစ်ဆစ်ကိုက်ခဲမှုကို

သနားစွာ ... ငဲ့ညှာပါ ....



ဒါဟာ ... ကဗျာ တစ်ပုဒ် ဟုတ်ချင်မှဟုတ်လိမ့်မယ်

ဒါဟာ ... တေးသွား တစ်ပုဒ် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်

ဒါဟာ ... ရသ တစ်ခု မြောက်ချင်မှ မြောက်လိမ့်မယ်

မနီးစပ်ခြင်းဆိုတာ သတိရခြင်း ဖြစ်ဖို့ကတော့ သေချာတယ်



မာနကို ငဲ့

အတ္တကို ငဲ့ ရင်း

ငါတို့ချစ်ခြင်းတွေ တစတစ ဝေးခြင်းနဲ့ ....



လှတယ် ...

နင်ပါတဲ့ အိမ်မက်တွေ

လှတယ်

နင်ပါတဲ့ အိမ်မက်တွေ



............................................. ငါ မနိုးထချင်ပဲ ... မနက်ခင်းနေမင်းနဲ့ စစ်ခင်းနေပြီ



အရာရာကို အသစ်က ပြန်စပါရစေ

ဆုတောင်းဆိုတာက နောင်ဘ၀မှ ပြည့်မှာတဲ့လား


အလွမ်းက ပူတယ် ချစ်သူ







 
 
 
 
 
လူသစ်          

သတိရလို့ပါ...ချစ်သူ (၁)

သတိရလို့ပါ...ချစ်သူ (၁)

ပထမဆုံး တက္ကသိုလ်
ပတမဆုံး အခန်း
ပတမဆုံး ရင်ခုန်သံ
ပတမဆုံး မျက်ဝန်း
ပတမဆုံး အပြုံး
ပတမဆုံး ............






ပထမဆုံး လမ်း
ပတမဆုံး နေရာ
ပထမဆုံး အနမ်း
ပထမဆုံး အချစ်
ပထမဆုံး အလွမ်း
ပထမဆုံး ............






ဒါတွေအားလုံး နင်နဲ့ အဆုံးသတ်ခဲ့တာပါ .....






....................မဆီမဆိုင်.... ကျနော်တို့ နှစ်ဦး.... ခင်မင်မှုကို စတေးလို့ ချစ်သူတွေလုပ်ခဲ့ကြတယ်






....................မဆီမဆိုင်... ကျနော်တို့နှစ်ဦး......လွဲမှားမှုကို အသုံးချလို့ နှလုံးသားကို သော့ခတ်လိုက်တယ်






သူငယ်ချင်းအဖြစ်တဲ့လား

ကျေးဇူးပြုပြီး ရှင်သန်ခွင့်မပြုပါနဲ့

ငါနှလုံးသားက 1500 ကို မသိကျိုးကျွံမပြုနိုင်လို့ပါ....။...။









ငါဆိုတဲ့ ကောင်က ပြသဒ္ဒါးတွေကို ကျောမှာလွယ်လို့

နင့်ကို မျှော်လင့်နေတုန်းပါ...






နင်အလိုရှိရင် .... ငါ ဆိုတဲ့ သတ္တ၀ါက မာနကို ဘေးချိတ်လို့


အခစားဝင်ဖို့ အသင့်ပါ..... အချစ်ဆုံး ....ကောင်မလေး....









ငါတို့ နှစ်ယောက်ကို ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးကလဲ ရှည်လွန်းလှတယ်......
















လူသစ်