Saturday, December 29, 2012

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ


(က--)
အိမ်မက်ကနေ ငါ နှိုးစက်နဲ့အတူ အပြိုင်နိုးတခဲ့ ... နီးလာပြီနော် အမိုက်မှောင်ကြဖူးတဲ့နေ့

2012 ရွက်စုတ်ပြက္ခဒိန်တွေ ပါးလွှားနေပြီ ... အချိန်...အချိန်...ရဲ့ ... သစ္စာ
အလွမ်းသော့ခတ်ထားတဲ့ စက္ကူဘူးလေး အဖွင့်မှာ

  1. သူမ အပြုံးတွေနဲ့ ဓါတ်ပုံ ...
  2. သီချင်း Note စာရွက် တစ်ရွက် ...
  3. ကဗျာ စာရွက် တစ်ချက်
  4. ရှုပ်ရှင်လက်မှတ် (၃)ဒါစင်
  5. လက်မှတ်မပါတဲ့ စာချုပ် တစ်ခု
  6. ဒိုင်ယာရီ စာအုပ် တစ်အုပ်

ငါ နိုင်ခဲ့တယ် ... ပန်းရေ ...

ငါ တန်ဖိုးထားခဲ့တယ် ... ပန်းရေ ...

ငါ ... ငါ ... ငါ ...ချစ်နေတုန်းပဲ ... ပန်းရေ ...

1 1 . 1 . 2 0 0 7

1 8 . 2 . 2 0 0 7

4 . 3 . 2 0 0 7

အမှတ်တရနေ့တွေကို ...နှစ်သစ်ရဲ့ ပြက္ခဒိန်မှာ မင်နီဝိုင်းတတ်တဲ့ အကျင့်ဆိုးလေး ပိုင်ဆိုင်ထားတယ်

___
(ခ--)
အလှပဟာ ခန်းနားစွာနဲ့ နံနက်ခင်းကို တန်ဆာဆင်ထားတယ်

နှင်းစက်အချို့ ဖြာလို့ဆင်းလာချိန်ခဏ ဒါဏ်ရာဟာ ဝေဒနာကို တသသ စတင်နိုးထတယ်

ဒီဇင်ဘာရဲ့ အလွမ်းပွင့်တွေဟာ ရာသီဥတုနဲ့ အတူ ရက်ရက်စက်စက် ပွင့်ဖူးလာပြီ

ဟိုးအဝေးကို ပြေးထွက်သွားတဲ့ ခြေသံတွေကိုကြားနေတုန်းပဲ

မျှော်လင့်နေသူရဲ့ ကမ်းနဖူးမှာ လှိုင်းရိုက်သံကြားတယ်

ငါဟာ နာဖျားဖို့အတွက် အအေးဓါတ်တစ်ချို့လိုအပ်တယ်

နွမ်းနယ်နေပြီးသားပါ ကံကြမ္မာရယ် ရက်စက်တဲ့သူက အဝေးတစ်နေရာမှာပါ

သိပြီးတဲ့အရာတွေကို မေ့ဖြောက်တတ်ခဲ့ရင် ငါဟာ အဖြူတည်

မက်မောခဲ့တဲ့အရာတွေကို မေ့ဖြောက်တတ်ခဲ့ရင် ငါဟာ အဖြူတည်

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။

___
(ဂ--)
1 8 . 2 . 2 0 0 9  အဝေးထွက်သူရဲ့ ခြေသံတွေကို ကြားတယ်

နှစ်တိုင်း ဒီနေ့စွဲမှာ တစ်ယောက်ထည်း ဘုရားတတ်တဲ့ အကျင့်ကို ဖြောက်ဦးမှ...

    နှုတ်ဆက် အနမ်းတွေကို ... လွမ်းတယ်

    ခြည်နှောင်ခဲ့တဲ့ မေတ္တာတရားကို ... လွမ်းတယ်

    လက်ထွဲထားတဲ့ နေ့ရက်တွေကို ... လွမ်းတယ်

ဒါဏ်ရာဟာ ရာသီနဲ့ အတူ ပေါ်လာတယ် ...

ပြယုဒ်က ပိုးကိုက်ခံထားရတဲ့ ပန်းသီးတစ်လုံးပါ ...

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။

___
(ဃ--)
ဟိုးမှာကြည့်စမ်း ကဗျာတစ်ပုဒ် မျက်ရည်စက်တွေနဲ့အတူ ကြီးကျယ်မြင့်မြတ်မှု

တင်းတင်းကိုက်ထားတဲ့ နှုတ်ခမ်းတွေက သွေးစက်နဲ့အတူ မာန၊ အတ္တ ၊ သစ္စာ

ဝေးလိုက်စမ်းပါ ကမ္ဘာတွေခြားသွားသည်အထိ ရက်ရက်စက်စက် သတိရမယ် ၊ ရက်ရက်စက်စက် လွမ်းမယ်

အချစ်ဟာ တစ်ဖက်သတ် ခန်းနား ၊ မေတ္တာတရားဟာ တစ်ဖက်သတ် ကြီးကျယ်မြင့်မြတ်လို့

ရာသီတိုင်းရဲ့ အိမ်မက်တွေမှာ အဝေးထွက်သွားတဲ့ ခြေသံတွေ လွှမ်းခြုံလို့

ငါဟာ ... တန်ဖိုးကြီး ဒေါက်ဖိနပ်တစ်ရံ ဖြတ်လျှောက်ခံလိုက်ရတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသူ

ငါ ... နို င်ေ န ဆဲ ပါ ပ န်းေ ရ ..။..။





လူသစ်