မနက်ဖြန်တွေရဲ့ အမုန်းကကြိုး
ညနေခင်းရဲ့နေရောင်ခြည်စူးစူးက
မျက်ဝန်းအိမ်ထဲကို ဆူးနစ်ဝင်ရောက်
ခပ်ပါးပါးလေး လွင့်မျောနေတဲ့ တိမ်တိုက်တွေ
ညနေခင်းအလှကို အရောင်တင်ပေးနေတယ်
ဘေးက ဖြတ်သန်းတိုက်ခတ်နေတဲ့
လေတိုးသံတွေက ရင်ထဲက
အလွမ်းပူပူတွေကို မအေးမျှစေခဲ့
အမြဲတမ်းတွေးနေမိတဲ့ ရင်ခွင်ဦးချစ်သူ့အကြောင်းတွေ
အရာအားလုံးက ကျောက်ထက်အက္ခရာတွေလို
နှလုံးသားပေါ်မှာ ခိုင်မာစွာ ရေးထိုးထားလို့
ချိုမြိန်ခြင်းတွေနဲ့ အစဆွဲထုပ်ခဲ့ကြတယ်
နှစ်မွန်းမှုတွေနဲ့ ပေးဆပ်ခဲ့ခြင်းတွေ
ဝေးကွာခြင်းအဆုံး မျက်ရည်စို့ အလွမ်းတွေ
အဆွေး ပင့်သက်ရှိုက်သံတွေ
ညအတုနဲ့ အိမ်မက်အယောင်ဆောင်တွေ
တသသဖြစ်နေတတ်တဲ့ နှုပ်ခမ်းစီးချင်းတွေ
ရေရုပ်ရေးသလို မျှော်လင့်ခြင်းတွေ
မနက်ဖြန်တွေမှာ အမုန်းကကြိုးသရုပ်ဖော်နေတယ်။
လူသစ်